Assets

by Administrator on Wednesday, January 13, 2010
 

အဖွဲ့အစည်း သို့ လုပ်ငန်းက ပိုင်ဆိုင်တဲ့ စီးပွားလုပ်ငန်း အရင်းအမြစ်တွေကို financial accounting မှာ assets လို့ခေါ်ပါတယ်။

တခြားတယောက်ကို အကြွေး သို့ ပေးစရာရှိတဲ့ခါ ပေးလို့ရတဲ့ (ကိုင်တွယ်လို့ ရသည်ဖြစ်စေ သို့ မရသည်ဖြစ်စေ ) ပစ္စည်းကို assets လို့ သတ်မှတ်ပါတယ်။

တနည်းအားဖြင့်, တန်ဖိုး တစုံတရာ တန်ပြီး ငွေသားအဖြစ်ပြောင်းလဲနိုင်တဲ့ ပစ္စည်းတွေရဲ့ ပမာဏ တန်ဖိုးဟာ assets ဖြစ်ပါတယ်။

ဥပမာ - လုပ်ငန်းတခုက လုပ်ငန်းသုံးဖို့အတွက် ကား တစ်စီးဝယ်ထားတယ်ဆိုရင် ဒီကားဟာ company ရဲ့ asset တခုဖြစ်ပါတယ်။ အရေးအကြောင်းတစုံ တရာရှိခဲ့ရင် ဒီကားကို ရောင်းချပြီး သို့ ပိုင်ဆိုင်မူ လွဲပြေင်းပေးခြင်းအားဖြင့် ကုန်ပဏီက ပေးစရာရှိတာတွေကို ပေးနိုင်ပါတယ်။

ဘာတွေက assets လဲ?

  • ငွေသား (cash - ရောင်းရငွေ)
  • ရရန်ကျန်ငွေ
  • ကုန်
  • ကြီုပေးထားသော အာမခံကြေး
  • အခြားရင်းနှီးထားငွေများ
  • မြေ
  • အဆောင်အဦး
  • ပစ္စည်းများ